တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပြည်မြို့မှ (၁၀-၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်သူဇာမြင့်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာလီ၀င်းနှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ပြည်မြို့ သုခရာမ ကျောင်းတိုက် (၆၁၃) ကြိမ်မြောက် မိုးကုတ်ဝိပဿနာ တရားစခန်းတွင် ကျား (၁၀) ဦး၊ မ (၃၅) ဦး၊ စုစုပေါင်း (၄၅) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး၍ “ဆောင်းရာသီ၌ဆောင်ရန် ရှောင်ရန်” အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။