ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး ၏လမ်းညွှန်မှုဖြင့် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့နှင့်ဖြူး မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူး ပေါင်း၍ (၁၄-၂-၂၀၂၅) ရက်နေ့တွင် မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ်ရာ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းဟိန်းလင်းမှ မီးဘေးလုံခြုံရေး ဆိုင်ရာ အသိပညာပေး ဟောပြော ခြင်း၊ မီးသတ်ဆေးဘူးများ နှင့်မီးငြိမ်းသတ်ခြင်းများအား လက်တွေ့သရုပ်ဖော်သင်ပြခြင်း၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့နှင့်ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများမှ လက်တွေ့ ဆောင်ရွက်ခြင်း၊ ဆေးရုံရှိမီးသတ်ဆေးဘူးများအား ကောင်းမွန်မှု ရှိ၊ မရှိ စစ်ဆေးခြင်း များဆောင် ရွက်ခဲ့ပါသည်။ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းဟိန်းလင်း အား (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖြူးမြို့ ဒုတိယဆေးရုံအုပ်ဒေါ်စိုးလက်မီမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံဖြူးမြို့ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီမှ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။