ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၁-၉-၂၀၂၄) ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦးစောနိုင်ဝင်းထွေး တို့သည် ကျိုက်ထိုစာသင်တိုက်သို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ သံဃာတော် (၄၀) ပါး ၊ ကျား (၄၀) ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။