ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၁၀.၁.၂၀၂၄) ရက်နေ့ နေ့လယ်ပိုင်းတွင် သာယာဝတီခရိုင်၊ သာယာတီမြို့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦးစောနိုင်ဝင်းထွေးတို့သည် ရွှေဆယ်ဝတီဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသရာ ကျား ၉ ဦး၊မ ၂၁ ဦး၊ စုစုပေါင်း ၃၀ ဦး အားဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။