ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးမှုအရ ရွှေတောင်မြို့နယ် တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် မီးလောင်ကျေးရွာအုပ်စု၊ ဇယ်မကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာအုပ်စုတို့တွင် သက်ဆိုင်ရာ အဖွဲ့နှင့်အတူ သန်းခေါင်စာရင်း ကောက်ယူကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။