တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုကိုခံယူ၍ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀-၁၀-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးသည် ရွှေကျင်မြို့ညောင်ဝိုင်းရပ်ကွက် တောင်ပိုင် ဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းသို့ ကွင်းဆင်းကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ ကျား(၁၃)၊ မ(၂၅)ဦး၊ စုစုပေါင်းလူနာဦးရေ(၃၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။