ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ရွှေကျင်မြို့နယ် တိုင်းရင်းဆေး ကုဌာနမှ (၁၇-၇-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးသည် ရွှေကျင်မြို့ ကျွဲတဲရပ်ကွက် ကမဌာန်းဘုန်းတော်ကြီး ကျောင်းစစ်ရှောင်စခန်းသို့ ကွင်းဆင်းကု သမှုပေးခဲ့ရာ ကျား (၇) ဦး၊ မ (၁၈) ဦး၊ စုစုပေါင်းလူနာ (၂၅) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။