the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး၊ တိုင်းရင်း​ဆေးပညာဦးစီးဌာန၊ တိုင်း​ဒေသကြီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်း​ဒေသကြီး​ရွှေကျင်မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ ​(၂၀-၆-၂၀၂၄) ရက်​နေ့တွင် မြို့နယ် တိုင်ရင်း​ဆေးမှူး​ဒေါ်အိမွန်ဦးသည် ရွှေကျင်မြို့​ညောင်ဝိုင်းရပ်ကွက်ရှိ အ​ခြေခံပညာမူလ တန်းလွန် (​ညောင်ဝိုင်း)​ကျောင်းသို့​ ကျောင်းကျန်းမာ​ရေးစစ်​ဆေး​ပေးခြင်းနှင့် ကျန်းမာ​ရေးအသိ ပညာ​ပေး​ဟော​ပြောခြင်း ကွင်းဆင်း​ဆောင်ရွက်ခဲ့ရာ​ ကျောင်းသား​၊ကျောင်းသူ ကျား ၁၂ ဦး ၊ မ ၁၇ ဦး၊ စုစု​ပေါင်း ၂၉ ဦး အား တိုင်းရင်း​ဆေးဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခဲ့ပြီး​ကျောင်းသား​၊ ကျောင်းသူ စုစု​ပေါင်း ၆၃ ဦး အား​ “သွေးလွန်တုတ်​ကွေး​ရောဂါ” အကြောင်း ပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း