တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုကိုခံယူ၍ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၁-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေကျင်မြို့ မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းသို့ ကျောင်းကျန်းမာရေးသွားရောက်စစ်ဆေးခဲ့ရာ ကျား(၁၃)ဦး၊ မ (၁၄)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၂၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။