the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီး ဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ (၁၀-၂-၂၀၂၅) ရက်နေ့တွင် ဥပဒေ အသိပညာပေးဟောပြောပွဲအခမ်းအနားကို နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ အောက်ပါအခမ်းအနားအစီအစဉ် (၇) ခု ဖြင့်ဆောင်ရွက်ခဲ့ပါသည်။

အစီအစဉ် (၁) အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း၊ အစီအစဉ်(၂) ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အစီအစဉ် (၃) ဖြူးမြို့နယ်ဥပဒေအရာရှိ ဒေါ်ပိုးဖြူကျော်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အစီအစဉ် (၄) ဖွဲ့စည်ပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှသိမှတ်ဖွယ်ရာများနှင့် နိုင့်ငံဝန်ထမ်း ဥပဒေခေါင်းစဉ်တို့ဖြင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ပိုးဖြူကျော်မှ ဟောပြောပို့ချခြင်း၊ အခမ်းအနားအစီစဉ် (၅) ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ အခမ်းအနားအစီအစဉ် (၆) အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ အစီအစဉ် (၇) အခမ်းအနားပြီးဆုံးကြောင်းကြေငြာခြင်း တို့ဖြစ်ပြီး အခမ်းအနားမှူးအဖြစ် ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းမှဆောင်ရွက်ခဲ့ပါသည်။

အဆိုအပါအခမ်းအနားကို ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ မှ ဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ တောင်ငူခရိုင်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများ၊ ဖြူးမြို့နယ်တိုင်းရင်းဆေး ကုဌာနမှ ဝန်ထမ်းများနှင့် ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ စုစုပေါင်း  (၁၃) ဦးတက်ရောက်ခဲ့ကြသည်။ ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင်မှ အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ