the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ “မြန်မာ့တိုင်းရင်းဆေးသမား တော်များနေ့”အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေး၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီး ဌာနမှူး၏လမ်းညွှန်မှုဖြင့် (၄-၃-၂၀၂၅) ရက်နေ့တွင် ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေး၊ ဖြူးမြို့နယ် တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ပြင်ပတိုင်းရင်းဆေး ဆရာကြီးများ ဖြစ်ကြသော ဆရာဦးလှထွန်းဦး၊ ဆရာဦးကျော်မင်းတို့ဦးဆောင်သောအဖွဲ့သည် မြန်မာ့ တိုင်းရင်းဆေးသမားတော်များနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖြူးမြို့နယ် ရေသျှံကြီး ကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆေးကုသရာ ကျား (၃၂) ဦး၊ မ (၄၁) ဦး၊ စုစုပေါင်း (၇၃) ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ