ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏တာဝန်ပေးချက်အရ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖြူးမြို့နှင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ၁၆ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်တင်နွယ်ဝင်း၊ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ဇင်မင်းထွန်း၊ သူနာပြု၃ ဒေါ်ဝါဝါသူ၊ အကြီးတန်းစာရေးဒေါ် မြစန်းအေး၊ ဒုလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှုး ဦးသန့်စင်နှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့သည် အလှည့်ကျဂျူတီဖြင့် ၄-၆-၂၀၂၅ ရက်နေ့မှ ၁၀-၆-၂၀၂၅ ရက်နေ့ထိ ဖြူးမြို့သာသနာ့ဗိမာန်၍ ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲသို့ medical cover ပေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာကျား (၃၆)ဦး နှင့် မ(၁၇)ဦးစုစုပေါင်းလူနာဦးရေ(၅၃)ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။