ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၀-၈-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေမှူး ဒေါ်တင်နွယ်ဝင်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေး တို့ပူးပေါင်း၍ မိုးကုတ် ဝိပသာနာကျောင်း ဖြူးမြို့၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ယောဂီကျား (၂၅) ဦး၊ ယောဂီမ (၅၁) ဦး၊ လူနာစုစုပေါင်း (၇၆) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။