ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၅) ခုတင်ဆံ့တိုင်းရင်း ဆေးရုံပြည်မြို့မှ (၁၆-၇-၂၀၂၄) ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင် ဆေးရုံအုပ် ဒေါ်သူဇာမြင့်နှင့် ရုံးအကူ ဒေါ်သဲစုမိုးတို့သည် ပြည်မြို့ န၀ဒေးရပ်ကွက်ရှိ မြသိင်္ဂီကြံခင်းပရဟိတကျောင်းမှ ကျား (၂၂) ဦး၊ မ (၃၀) ဦး၊ စုစုပေါင်း (၅၂) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။