the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးဟောပြောခြင်း

ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၁၆-၇-၂၀၂၄) ရက်နေ့တွင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ  အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် စားသုံးသူရေးရာ ဦးစီးဌာန နှင့်ပူးပေါင်း၍ ပြည်မြို့ကိုးသောင်းရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကျောင်းသား (၂၃)ဦး၊ ကျောင်းသူ (၂၇)ဦး၊ စုစုပေါင်း (၅၀) ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်သိန်းသိန်းဆွေမှ “ရာသီတုပ်ကွေး​​ရောဂါသိကောင်းစရာ အကြောင်း”ကို ကျောင်းသား/ကျောင်းသူ စုစု​ပေါင်း (၅၂) ဦး အား အသိပညာပေးဟောပြောခဲ့ ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း