ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၈-၈-၂၀၂၄) ရက်နေ့တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့ရှိ (အ.မ.က ကြာနီကန်) ကျောင်းသို့ “တုပ်ကွေးရောဂါများအကြောင်း” ကျောင်းသား/ကျောင်းသူ (၆၅) ဦးအား အသိပညာပေးဟောပြော၍ ကျား (၂၂) ဦး၊ မ (၃၄) ဦး၊ စုစုပေါင်း (၅၆) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့နယ်ဘယ်လက်ကျေးရွာရှိ အ.မ.က ဘယ်လက် ကျောင်း တွင် “အစာမကြေရောဂါအကြောင်း” ကျောင်းသား/ကျောင်းသူ (၁၁၅) ဦးအား အသိပညာပေးဟောပြောပြီး ကျား (၄၅) ဦး၊ မ (၅၃ )ဦး၊ စုစုပေါင်း (၉၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။