the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၂-၇-၂၀၂၄) ရက်နေ့တွင် ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင် တို့သည်​           ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန တို့နှင့်ပူး​ပေါင်း၍ ​ရွှေ​တောင်မြို့နယ်ဝါးလည်ကျေးရွာရှိ​ (အမကဝါးလည်) ကျောင်းသို့ မိုးရာသီ တွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း ကျောင်းသား/ကျောင်းသူ (၆၀) ဦး အား အသိ ပညာ​ပေး ​ဟော​ပြောခဲ့ပြီး၊ ကျား (၂၃) ဦး၊ မ (၂၅) ဦး ၊ စုစုပေါင်း (၄၈) ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကြို့ကုန်းကျေးရွာရှိ (အမက) ကြို့ကုန်းကျောင်းတွင် ဝမ်းကိုက်ရောဂါအ​ကြောင်း ကျောင်းသား/ကျောင်းသူ (၈၀) ဦး အား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား (၃၂) ဦး၊ မ (၄၁) ဦး စုစုပေါင်း (၇၃) ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း