တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၆-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်တိုင်းရင်း ဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်ဦးဆောင်၍ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့်အဖွဲ့သည် ရွှေတောင်မြို့ သရက်တောရပ်ကွက်ရှိ အားကစား ခန်းမတွင် ကွင်းဆင်းဆေးကုသခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ရာ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ တိုင်းရင်းဆေးပညာနှင့် ဆောင်ရန်ရှောင်ရန် သတိပြုရန်နည်းလမ်းများ အကြောင်းကို လူဦးရေ (၁၅၀)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား(၃၇)ဦး၊ မ(၄၃)ဦး၊ စုစုပေါင်း (၈၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။