ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၏ လမ်းညွှန်မှုအရ ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂-၁၂-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ သည် ပြည်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့တို့နှင့် အတူ ပြည်မြို့နယ် မှော်ဇာနယ်မြေ တောင်လုံးညို ကျေးရွာတွင် “သုံးစွဲရန်မသင့်သော မှတ်ပုံတင်မဲ့ တိုင်းရင်းဆေးဝါးများအကြောင်း” လူဦးရေ (၃၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၁၁) ဦး၊ မ (၂၇) ဦး၊ စုစုပေါင်း (၃၈) ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။