ပဲခူးတိုင်းဒေသကြီး ၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွန်မှုဖြင့် (၁၂-၈-၂၀၂၄) ရက်နေ့ တွင် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီ သည် ပေါက်ခေါင်းမြို့မ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအဖွဲ့ အစည်း များနှင့်ပူးပေါင်း၍ ဆည်းဆာရိပ်ငြိမ် ဘိုးဘွားရိပ်သာ၌ ကျား (၄)ဦး၊ မ (၁၈) ဦး၊ စုစုပေါင်း (၂၂) ဦး တို့အား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။