တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃-၂-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် မိုးကုတ်တရားစခန်းသို့ သွားရောက်၍ ကွင်းဆင်းဆေး ကုသခဲ့ရာ ကျား (၂၁)ဦး၊ မ (၈၄)ဦး၊ စုစုပေါင်း (၁၀၅)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။