ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ဝက်ထီးကန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဦးစီးဌာနမှူးလမ်းညွှန်မှုဖြင့် ၁၄-၇-၂၀၂၄ ရက်နေ့တွင် ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေထွန်းသည် ဝက်ထီးကန်မြို့၊ ထိန်ရုံကျေးရွာ ၇ ရက် တရားစခန်းပွဲသို့ ကွင်းဆင်းဆေး ကုသခဲ့ရာ လူနာ ကျား(၉)ဦး မ(၂၁)ဦး စုစုပေါင်း ၃၀ ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။