တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ (၆-၂-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် ရွှေတောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ် ဝါးလည်ကျေးရွာရှိ (အမက ဝါးလည်) ကျောင်းသို့ “သရက်သီးနှင့် အာဟာရအကြောင်း” ကျောင်းသား၊ ကျောင်းသူ (၆၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၂၂) ဦး၊ မ (၂၆) ဦး၊ စုစုပေါင်း (၄၈) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့ ကသစ်တိုင်း ကျေးရွာရှိ (အမက ကသစ်တိုင်း) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးအား “ဆေးဘက်ဝင်ဒန့်သလွန်ပင်အကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား (၂၄) ဦး၊ မ (၃၀) ဉီး၊ စုစုပေါင်း (၅၄) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။