ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး ၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ဝက်ထီးကန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃-၂-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စံရီတာသည် ဝက်ထီးကန်မြို့နယ်တွင်းရှိမဟာ စည်ဘုန်းကြီး ကျောင်းသို့ သွားရောက်၍ ကျား (၁၄) ဦး၊ မ (၁၆) ဦး၊ စုစုပေါင်း (၃၀) ဉီးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။