ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု ဖြင့် ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၇-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရွှေတောင်မြို့နယ်ဖိုးခေါင်ကျေးရွာရှိ (အမက ဖိုးခေါင်) ကျောင်းသို့ အအေးမိနှာစေးရောဂါများ အကြောင်း ကျောင်းသား၊ ကျောင်းသူ (၁၃၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၄၅) ဦး၊ မ (၅၁) ဦး စုစုပေါင်း (၉၆) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီးနောက ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်ရှိ (အမကကူကြီး) ကျောင်းတွင် ကျောင်း သား၊ ကျောင်းသူ (၁၄၀) ဦးအား ချောင်းဆိုးရောဂါအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျား (၆၂)ဦး၊ မ(၄၀)ဉီး၊ စုစုပေါင်း (၁၀၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။