the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ရွှေတောင်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ (၁၀-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်တို့သည် ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရွှေတောင်မြို့နယ်အောင်မြေသာရပ်ကွက်ရှိ (အ.လ.ကချည်မျှင်) ကျောင်းသို့ အဆုတ်ရောင်ရောဂါအကြောင်း ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးအား အသိ ပညာပေး ဟောပြောခဲ့ပြီး ကျား (၅၅) ဦး၊ မ (၅၂) ဦး၊ စုစုပေါင်း (၁၀၇) ဦးအား တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ ရွှေတောင်မြို့ဘယ်လက်ကျေးရွာရှိ (အ.မ.ကဘယ်လက်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၁၅) ဦးအား “အာဟာရ (၆) မျိုးအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား (၄၇) ဦး၊ မ (၄၈) ဉီး၊ စုစုပေါင်း (၉၅) ဦးအား  တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း