ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ကျန်းမာရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော ကျန်းမာရေးမှူး(၄) စာတွေ့၊ လက်တွေ့ သင်တန်းတွင် ပြည်ခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်၊ ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေနှင့် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်နီလာမြင့်တို့သည် (၂၁-၂-၂၀၂၅) မှ (၂၇-၂-၂၀၂၅) ရက်နေ့ အထိ သင်တန်းသား၊ သင်တန်းသူ (၁၂၆) ဦးအား တိုင်းရင်းဆေးပညာဆိုင်ရာ ဘာသာရပ်များကို သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။