ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့တိုင်းရင်းဆေးကုဌာနမှ (၁၀-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အမာကြည်၊ ဆေးခန်းအကူ ဒေါ်အိမ့်ကြည်ဖြူတို့သည် ပဲနွယ်ကုန်းမြို့ ပြည်တော် သာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း(ခွဲ) သို့ကျောင်း ကျန်းမာရေး ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျောင်းသား (၁၂) ဦး၊ ကျောင်းသူ (၂၅) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၇၅) ဦးတို့အား “ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါများနှင့်ဆောင်ရန်ရှောင်ရန်အချက်များ” အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။