ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀.၅.၂၀၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် မိခင်နှင့်ကလေးအဖွဲ့ဝင်များ ဦးဆောင်ပါဝင်၍ ပဲခူးမြို့နယ်တိုင်းရင်းဆေးကုဌာနသို့ ဆေးဝါးလာ ရောက်ကုသမှု ခံယူသော လူနာများအား လုပ်အားကုသိုလ်ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆေးဖက်ဝင်အပင်များအကြောင်း လေ့လာဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။