the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အသိပညာ ပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေ သကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုတို့ဖြင့် (၂၇-၂-၂၀၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေ တို့ပူးပေါင်း၍ ရေတာရှည်မြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွားများနှင့် ဝန်ထမ်းများ (၄၀) ဦးခန့်အား လက်ထောက်တိုင်းရင်း ဆေးမှူး ဒေါ်ခင်မျိုးဆွေမှ “ကျန်းမာပြည့်ဝသက်ကြီးဘဝပိုင်ဆိုင်နိုင်ရန် နည်းလမ်းကောင်းများ အကြောင်း” အား အသိပညာပေးဟောပြောခဲ့ပြီး ကျား (၁၅) ဦး၊ မ (၂၀) ဦး၊ စုစုပေါင်း (၃၀) ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်