ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၃-၂-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင် နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ခင်မျိုးဆွေ တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရေတာရှည်မြို့၏ တာဝန်ပေးချက်အရ ရေတာရှည်မြို့ ကံမြင့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး (အရှေ့) ရေတာရှည်မြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အနားယူ အစားထိုး ရွေးချယ်ပွဲ နှင့် သံဃာ့ဝန်ဆောင် အစည်းအဝေး အခမ်းအနားသို့ ကြွရောက်တော်မူ လာကြကုန်သော ဆရာတော်ကြီးများ သံဃာတော်အရှင်သူမြတ်များ (၇၀) ခန့်အား ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။