ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၁-၉-၂၀၂၄) ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင် ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံ ၊ မြိုနယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်း တို့ပူးပေါင်း၍ ရေတာရှည်မြို့ခေမာနနဒီ သီလရှင်စာသင်တိုက်သို့သွားရောက်၍ သီလရှင်ဆရာကြီး၊ ဆရာလေး (၂၇) ပါးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။