ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ လက်ထောက် တိုင်းရင်းဆေးမှူးတို့သည် (၂၁-၂-၂၀၂၅) မှ (၂၇-၂-၂၀၂၅) ရက်နေ့ထိ တောင်ငူခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ကျန်းမာရေမှူး (၄) သင်တန်း တွင် သင်တန်းသား၊ သင်တန်းသူ (၅၈)ဦးတို့အား အခြေခံတိုင်းရင်းဆေးပညာ ဘာသာရပ်ကို သင်တန်း ပို့ချပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။