ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ဖြူးမြို့နယ်တိုင်းရင်းဆေးကု ဌာနမှ (၁၇-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ဖြူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ရောက်သော ကျောင်းသား (၇) ဦး၊ ကျောင်းသူ (၁၃) ဦး နှင့် ဆရာမ (၈) ဦး၊ စုစုပေါင်း (၂၈) ဦး တို့အား “ဆီးဝမ်းသွေးလေညီ ညွတ်မှကျန်းမာသုခပြည့်စုံကြ”ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး စုစုပေါင်း (၂၈) ဦး အားဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။