ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တိုင်းရင်းဆေးကုဌာနမှ (၂၀-၂-၂၀၂၅) မှ (၂၅-၂-၂၀၂၅) ရက်နေ့ထိ ဒုတိယတိုင်းရင်းဆေးမှူးနှင့် ရုံးအကူတို့သည် တိုင်းရင်းဆေးဆရာအသင်းနှင့် ပူးပေါင်း၍ တောင်ငူခရိုင်လုံးဆိုင်ရာသုဓမ္မာပရိယတ္တိစာတော်ဖြေဆိုပွဲသို့သွားရောက်၍ ကျား (၄၅)ဦး၊ မ (၁၇)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။