ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် (၁၇.၁၁.၂၀၂၃)ရက်နေ့တွင် ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင် ဦးဆောင်ပြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေနှင့် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်း တို့ပူးပေါင်းပါဝင်သောအဖွဲ့သည် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ အကြို ကွင်းဆင်းဆေးကုသခြင်းကိုပြည်မြို့ဝေပုလ္လကာရီကျောင်းတိုက်၌ ကျား (၅)ဦး မ(၃၀)ဉီး စုစုပေါင်း (၃၅)ဦးကို တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေး ကုသမှု့ဆောင်ရွက်ခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ရာသီတုပ်ကွေးအကြောင်း သိကောင်းစရာအကြောင်းနှင့် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေမှ တကိုယ်ရေသန့်ရှင်းရေးအကြောင်း သိကောင်းစရာအကြောင်းခေါင်းစဉ်ဖြင့် ဟောပြောရာတွင် တက်ရောက်သူ မ (၄၀)ဦးအား အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။