ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးငြိမ်းမောင်မောင် ဦးဆောင်သော အဖွဲ့နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၃-၈-၂၀၂၄) ရက်နေ့တွင် ညောင်လေးပင်မြို့ အာဆီယံ မူလွန်ဆေးရုံရပ်တွင် “တစ်ကိုယ်ရေသန့် ရှင်းရေးနှင့် ကျန်းမာရေး”အကြောင်း ဟောပြောရာတွင် ကျား (၇၀) ဦး၊ မ (၈၅) ဦး ၊ စုစုပေါင်း (၁၅၅) ဦးအား ဟောပြောခဲ့ပြီး ကျား(၃၀) ဦး၊ မ (၄၀) ဦး၊ စုစုပေါင်း (၇၀) ဦးအား ကွင်းဆင်း ကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။