ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၈-၂-၂၀၂၄ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးငြိမ်းမောင်မောင်တို့ ဦးဆောင်သောအဖွဲ့သည် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ညောင်လေးပင်မြို့နယ်၊ ဝါးရုံကုန်းကျေးရွာရှိ သုခကာရီသီလရှင်ကျောင်းတိုက်သို့ သွားရောက်ကာ သီလရှင်ဆရာလေးများနှင့် ကျေးရွာရှိ ပြည်သူ၊ ကျား ၂ ဦး၊ မ ၂၅ ဦး စုစုပေါင်း ၂၇ ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။