the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် ၄-၆-၂၀၂၅ ရက်နေ့မှ ၁၀-၆-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပါဠိပထမပြန်စာမေးပွဲသို့သွားရောက်၍ medical cover ပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၄-၆-၂၀၂၅ ရက် ပထမနေ့တွင် သံဃာတော် ၁၂ ပါး နှင့် အမျိုးသမီးလူနာ ၃ ဦး စုစုပေါင်းလူနာဦးရေ ၁၅ ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း