ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်မှ ဥပဒေရေးရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးမြို့၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးအောင်စိုးလွင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်မှ ဥပဒေ သိမှတ်ဖွယ်ရာ စာအုပ်များအား လက်ဆောင်ပေးအပ်ရာ ပဲခူးတိုင်းရင်းဆေး တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်းဝင်းမှ လက်ခံရယူသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ (၆)ဦးက ဟောပြောဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည့် ဥပဒေရေးရာ များကို ဆွေးနွေးမေးမြန်းရာ ဥပဒေအရာရှိများ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဥပဒေရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ဥပဒေအရာရှိများ၊ တိုင်းရင်းဆေးတိုင်း ဦးစီးဌာနနမှူး ဦးအောင်သန်းဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်တိုင်းရင်းဆေးမှူး မြို့နယ်တိုင်းရင်းဆေးမှူး ပဲခူးတိုင်းအရှေ့မှ ဝန်ထမ်းများနှင့်တိုင်းရင်းဆေးရုံမှ ဆရာ/ ဆရာမများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။