the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၂-၉-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃) ဦး တို့သည် ရွှေကြို့ မြေဘိုး ဘွားရိပ်သာသို့ အခမဲ့ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ပြီး ကျား (၁၅) ဦး ၊ မ(၁၅) ဦး၊ လူနာ စုစုပေါင်း (၃၀) ဦး တို့အား တိုင်းရင်းဆေးဖြင့်ဆေးကုသမှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း