the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁-၃-၂၀၂၄)ရက်နေ့တွင် ပြည် ခရိုင်​ ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဒေါ်နီလာမြင့်နှင့်  လက်​ထောက် တိုင်းရင်းဆေးမှူး  ဒေါ်ဇာဇာအောင်တို့သည်​ ရွှေ​တောင်မြို့နယ်  မိခင်နှင့်က​လေးစောင့်​ရှောက်​ရေးအဖွဲ့/ အမျိုးသမီးရေးရာအဖွဲ့/ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနများနှင့် ပူးပေါင်း၍ ရွှေ​တောင်မြို့ ကြာနီကန် ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာ​ရောက် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခဲ့ရာ ကျား(၁၇)​ဦး မ(၂၆)​ဦး စုစု​ပေါင်း ဘိုးဘွား(၄၃)ဦးအား ဆေးကုသမှုပေးခဲ့ပြီး တိုင်းရင်း​ဆေးဝါးများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း