ကျန်းမာရေး၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀.၇.၂၀၂၅ )ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင် ဦးဆောင်သော အဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ညောင်လေးပင်မြို့ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသရာ ကျား ၅ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း၂၅ ဦးအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။