ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနပြည်ခရိုင်သဲကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၉.၁.၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည် သဲကုန်းမြို့ ကန်သာယာရေလည်ကျွန်းစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်နေသောသံဃာစုစုပေါင်းအပါး(၅၀)အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။