ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၅.၁၁.၂၀၂၆) ရက်နေ့တွင် သာပေါင်းမြို၊ လင်းတာကျကျေးရွာအုပ်စု၊ လင်းတာကျကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၃၀)ဦး၊ မ (၅၈)ဦး၊ လူနာစုစုပေါင်း (၈၈)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကုသမှုပေးခဲ့ပြိီး သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် "အယ်လ်နီညို" အကြောင်းသိကောင်း စရာအား လူဦးရေ (၆၀)ဦး ခန့်ကို အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

