the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပါဠိသက္ကတဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

(၁) တိုင်းရင်းဆေးတက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်များတွင် ပါဠိသက္ကတ ဘာသာရပ်ကို သင်ကြားပို့ချခြင်း။

 

(၂) တိုင်းရင်းဆေးတက္ကသိုလ်၊ ဌာနအကြီးအကဲများမှ ပေးအပ်သည့် တာဝန်များနှင့် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များကိုဆောင်ရွက်ခြင်း။

 

(၃) တိုင်းရင်းဆေးတက္ကသိုလ် Lunch Time Talk အစီအစဉ်များတွင် ဝိဇ္ဇာ/သိပ္ပံ ပညာရပ်ဆိုင်ရာအနေဖြင့် အလှည့်ကျ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း။

 

(၄) တိုင်းရင်းဆေးတက္ကသိုလ် CTME (တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ဟောပြောပွဲ) အစီအစဉ်များတွင် ဝိဇ္ဇာ/သိပ္ပံပညာရပ်ဆိုင်ရာအနေဖြင့် အလှည့်ကျ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း။

 

(၅) တိုင်းရင်းဆေးကျမ်းဆိုင်ရာရှေးဟောင်းပေ၊ ပုရပိုက်၊ ဆေးကျမ်းစာပေ လက်ရေးမူနှင့် အထောက်အထားများကို စာပေသုတေသနပြုလုပ်ခြင်းနှင့် သုတေသနဆိုင်ရာလုပ်ငန်းများတွင် ဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်း။

 

(၆) တိုင်းရင်းဆေးသမားတော်ညီလာခံ၊ နှီးနှောဖလှယ်ပွဲများတွင် တိုင်းရင်းဆေး တက္ကသိုလ်၊ မန္တလေး၌ ကျင်းပပြုလုပ်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း။

 

(၇) တိုင်းရင်းဆေးတက္ကသိုလ်မှ ထုတ်ဝေသည့် စာစောင်များ၊ မဂ္ဂဇင်းများတွင် ဘာသာရပ်ဆိုင်ရာဆောင်းပါးများရေးသားခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အဆီတိုးရောဂါအကြောင်းသိကောင်းစရာ
ဝမ်းလျှောဝမ်းပျက်ရောဂါကို တိုင်းရင်းဆေးဖြင့်ကုသခြင်း
လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ