တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၃)ဖြင့် မြန်မာနိုင်ငံမဲခေါင်မြစ်ဝှမ်း ဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များအား စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း စီမံကိန်း (Conservation and Sustainable Use of Medicinal Plants in Mekong River Basin of Myanmar Project)ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မဲခေါင်ဒေသတွင်း နိုင်ငံအချင်းချင်း အလုပ်ရုံ ဆွေးနွေးပွဲ ကို နေပြည်တော်တွင် (၄-၃-၂၀၂၅) ရက်နေ့မှစ၍ ကျင်းပလျှက်ရှိရာ (၅-၃-၂၀၂၅)ရက်နေ့တွင် ဆွေးနွေးပွဲ တက်ရောက်ကြသော မြန်မာ၊ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များက နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ ဆေးဖက်ဝင်အပင်များ၊ ပရဆေးစိုက်ခင်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး ပညာပြတိုက်တို့သို့ လာရောက်လေ့လာကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြောင်း သတင်းရရှိသည်။