ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၇-၅-၂၀၂၅ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့် ပြင်ပလုပ်လုပ်သား ဒေါ်မျိုးပပဝင်း တိုသည် လယ်ဝေးမြို့နယ် အမျိုးသမီးရေရာ/ မိခင်နှင့်ကလေးပူးပေါင်း၍ ကူသပိတ်ကျေးရွာအုပ်စု သာစည်ကျေးရွာရှိ ဘုရားဝန်းတွင် သဘာဝဘေး (ငလျင်)သင့် ပြည်သူများအား တိုင်းရင်း ဆေးဝါးများဖြင့် ကျန်မာရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်မာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လူနာဦးရေ ကျား ၁၂ ဦး မ. ၁၆ဦး စုစုပေါင်း ၂၈ဦးကို ကွင်းဆင်းဆေးကုသခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ပြီး အများဆုံးကုသပေးခဲ့သော ရောဂါမှာ အဆစ်နာ ဒူးနာ ခါးနာ ရောဂါဖြစ်ကြောင်းသိရသည်။