နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဒုတိယဆေးရုံအုပ် ဦးလှမော် ဦးဆောင်၍ ပြင်ပလူနာဌာနမှ ကွင်းဆင်းဆေးကုသရေးအဖွဲ့တို့သည် (၇.၉.၂၀၂၄)ရက်နေ့ (စနေနေ့)တွင် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ အုန်းတောပရိယတ္တိစာသင်တိုက်သို့ နံနက်(၉ :၀၀)နာရီ မှ နေ့လယ် (၁ :၀၀) နာရီအထိ ရဟန်းတော်များနှင့် စာသင်သားသံဃာတော်များ၊ အနီးပတ်ဝန်ကျင်းရှိ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း (၁၁၆) ဦးတို့အား ဆရာဦးအောင်သူ (တိုင်းရင်းဆေးမှူး)မှ မိုးရာသီတွင် ဖြစ်ပွား တတ်သော ရာသီတုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆေးဝါးကုသခြင်းများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ကွင်းဆင်းဆေး ကုသရာ နေရာ သို့ ကုသရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြတ် လာရောက်ကြည့်ရှု့ပြီး လိုအပ်သည့် ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။