နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ၇/၂၀၂၄ လ၏ ပထမအကြိမ် ကွင်းဆင်း ဆေးကုသခြင်းကို ဥတ္တရခရိုင် တပ်ကုန်းမြိုနယ် ရေအေးကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသမှုများဆောင်ရွက် ပေးခဲ့ရာ စုစုပေါင်းလူနာဦးရေ (၈၄) ဦးကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။